[X] Choose Font Here

Programming is Art of Thinking

  ကျွန်တော် တလောက Myanmar Tutorials မှာ IT နဲ့ lateral thinking ဆက်ဆက်ပုံ အကြောင်းကို

  ဖတ်လိုက်ရပါတယ်။ ဖတ်ပြီးတော့ ကျွန်တော် ဆက်စဉ်းစားမိတာက programmer တစ်ယောက်ရှူထောင့်ကနေ

  ကြည့်ရင် programming မှာရော တခြား ဘယ်လို thinking  တွေရှိသေးလဲ ဆိုတာပဲ ဖြစ်ပါတယ်။

  Programming မှာ တခြားသော thinking တွေလည်း ရှိနေသောကြောင့် ဒီ post ကို

Programming is Art of Thinking လို့ အမည်တပ်လိုက်ပါတယ်။ ဘာ Thinking တွေလဲ ဆိုတာ ဆက်သွားလိုက်ရအောင်

1) Breakthrough Thinking ( ဖောက်ထွက်တွေးနည်း )

Programmer တစ်ယောက်အနေနဲ့ သမရိုးကျတွေကနေ ဖောက်ထွက်တွေးတောတက်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ဟိုးအရင်တုံးက

javascript ကိုသာ form validation တွေမှာ သုံးကျပေမယ့် ခုနောက်ပိုင်းမှာ AJAX, jQuery စတာတွေက အစားထိုး နေရာယူလာတာကို

တွေ့ရပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် Breakthrough Thinking ကို အခြေခံပြီး ပိုကောင်းမွန်တဲ့ result တွေရလာအောင် လုပ်ခဲ့တဲ့ ဥပမာ

တစ်ခုပဲ ဖြစ်ပါတယ်။ Forum တွေကနေ QA based site ပြောင်းလာတာလဲ ဒီသဘောပဲ ဖြစ်ပါတယ်။

2) Productive Thinking ( အသစ်မျှော် စဉ်းစားနည်း )

ရှေ့ဘာပြောင်းလဲမှုတွေ ဖြစ်လာနိုင်မလဲ ဘာတွေကို ပြင်ဆင်ထားမလဲ ဆိုတာလဲ Programmer တစ်ယောက်ရဲ့ Thinking ထဲမှာ ပါပါတယ်။

ဘာလို့လဲ ဆိုရင် ငါဟာ VB 4.0, VB 6.0 ဆရာကြီးပဲကွဆိုပြီး အသစ်တွေကို မပြင်ဆင်ပဲ နေခဲ့မယ်ဆိုရင် market demand အရ သူဟာ

နောက်ကျ ကျန်နေခဲ့ပါလိမ့်မယ်။ ဒီနေရာမှာ Cross Question တစ်ခု ရှိတာက ဒီလောက် လျင်လျင်မြန်မြန်ပြောင်းလဲနေတဲ့ ခေတ်မှာ

အသစ်တိုင်းကို ဘယ်လိုလိုက်နိုင်မလဲ ဆိုတာ ဖြစ်ပါတယ်။ ဒီအတွတ် 3Ps ကို based လုပ်ပြီး ဆုံးဖြတ် ရပါမယ်။ အဲဒါတွေကတော့

- Possible ( ဖြစ်နိုင်စရာ ရှိသော )

- Probable ( ဖြစ်တန်ရာသော )

- Preferable ( ဖြစ်သင့်ဖြစ် ထိုက်သည်ဟု ယူဆရသော )

3) Lateral Thinking ( ဖြန့်ထွက်တွေးနည်း )

Programming ရေးရာတွင် ဖြစ်စေ၊ error တစ်ခုခုကို ရှင်းရာမှာ ဖြစ်စေ Lateral Thinking မရှိရင် အချိန်ကုန်၊ လူပန်း အကျိုးမရှိ ဖြစ်တတ်

ပါတယ်။ ကျွန်တော်တို့ က ပြသနာ တခုနဲ့တွေရင် ဘောင်အတွင်းကနေပြီး လုံးချာလည် စဉ်းစားတက်ကျလိုပါပဲ။ တကယ်တော့  ပြသနာ

အပြင်ကနေထွက်ပြီး စဉ်းစားမယ်ဆိုရင် solution ကရှိနေပြီးသားပါ။ Lateral Thinking အတွက် ရိုးရှင်းပြီး အကောင်းဆုံး ဥပမာကတော့

အစက် ကိုးခုကို မျဉ်း လေးကြောင်းနဲ့ ထိအောင်ဆွဲရမှာ ဖြစ်ပါတယ်။ ဆွဲတဲ့ အခါမှာလည်း ဘောပင်ကို မကြွပဲ တစ်ချက်ထဲနဲ့ ဆွဲရမှာ ဖြစ်ပါတယ်။

Myanmar Tutorials post မှာလည်း ဒီ ဥပမာကို ပဲပေးထားပါတယ်။ စိတ်ဝင်စားရင် ဒီမှာ စဉ်းစားကြည့်နိုင်ပါတယ်။



 
4) Innovative (or) Creative Thinking ( ထွင်တွေးနည်း )

21 ရာစု နည်းပညာခေတ်ကို ဖြတ်သန်းနေရာမှာ Idea Alternative တွေမကြာ ခဏဆိုသလို ဖြစ်ပါတယ်။ အဲဒါတွေဟာ Innovative (or)

Creative Thinking တွေပေါ်မူတည်ပြီး Technology, Products အသစ်တွေ  ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ ကြည့်မယ်ဆိုရင် သာမန် mobile

တွေကနေ  Smart phone, PDA Phone, iPhone တွေရဲ့ အဆင့်ဆင့် ပြောင်းလဲလာပုံကို မြင်နိုင်ပါတယ်။ ဒါကြောင့်လည်း Programmer

တစ်ယောက် အတွက် Creative Thinking ကောင်းဖို့လည်း လိုပါတယ်။

 
အဲဒါတွေကတော့ Programming မှာ ကျွန်တော် သိထားသလောက် Thinking တွေပဲဖြစ်ပါတယ်။ How to Think, What to Think,

Why to Think တွေနဲ့ Art of Thinking ရဲ့ အလှအပကို မြင်နိုင်ကျပါစေ။ သူငယ်ချင်းတို့ အမြင်မှာ တခြား Thinking တွေ ရှိနေအုံးမယ်

ဆိုရင်လည်း Comment ပေးပြီး ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

 

ဒီ post ကို ဖတ်တဲ့ အခါ comment လေးတွေကိုပါ ဆက်ဖတ်စေလိုပါတယ်။ တခြား thinking တွေကိုလည်း comment ပေးဆွေးနွေး

ထားကြလို့ သူတို့တွေရဲ့ မူရင်းလေး အတိုင်း ဖတ်ကြည့်နိုင်ပါတယ်။


 

Comments (14)
  • Thiha  - Great Post!

    Great Posts! I will refer to this post in Myanmar Tutorials.

  • May Zin

    :D နောက်တစ်မျိုး ဖြစ်နိုင်ခြေကတော့ Analytical Thinking ပါ။ ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်းဖြစ်ပါတယ်။ ပြဿနာ တစ်ခု ဖြစ်လာရင် အရင်ဆုံး အနီးစပ်ဆုံးဖြစ်နိုင်ခြေ ကိုရောက်အောင် စဉ်းစားရပါမယ်။ အကြီးမားဆုံးသောပြဿနာပင်လျှင် ခွဲခြမ်းစိတ်ဖြာသုံးသပ်တတ်မယ်ဆိုရင် အဖြေကို လွယ်လွယ်ကူကူတွေ့နိုင်ပါတယ်။ Client များရဲ့ပူးပေါင်းပါဝင်မှုကိုလည်း သတိပြုပါ။ ဘယ်လိုအခြေအနေမျိးမှာ ပြဿနာဖြစ်တတ်တယ်ဆိုတဲ့ Information ကို တောင်းယူပါ။ ဒါမှသာ ပြဿနာဖြေရှင်းရှာမှာ လမ်းကြောင်းမှန်ကန်မှာဖြစ်ပါတယ်။

  • admin  - re: Great Post!
    Thiha wrote:
    Great Posts! I will refer to this post in Myanmar Tutorials.


    Okay go on Bro. :D

    Cheer!
    Zack

  • admin  - re:
    May Zin wrote:
    :D နောက်တစ်မျိုး ဖြစ်နိုင်ခြေကတော့ Analytical Thinking ပါ။ ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်းဖြစ်ပါတယ်။ ပြဿနာ တစ်ခု ဖြစ်လာရင် အရင်ဆုံး အနီးစပ်ဆုံးဖြစ်နိုင်ခြေ ကိုရောက်အောင် စဉ်းစားရပါမယ်။ အကြီးမားဆုံးသောပြဿနာပင်လျှင် ခွဲခြမ်းစိတ်ဖြာသုံးသပ်တတ်မယ်ဆိုရင် အဖြေကို လွယ်လွယ်ကူကူတွေ့နိုင်ပါတယ်။ Client များရဲ့ပူးပေါင်းပါဝင်မှုကိုလည်း သတိပြုပါ။ ဘယ်လိုအခြေအနေမျိးမှာ ပြဿနာဖြစ်တတ်တယ်ဆိုတဲ့ Information ကို တောင်းယူပါ။ ဒါမှသာ ပြဿနာဖြေရှင်းရှာမှာ လမ်းကြောင်းမှန်ကန်မှာဖြစ်ပါတယ်။


    Okay sis, I will add this thinking. thanks for your comment :)

  • everlearner  - Reverse Thinking

    တစ်ခါတစ်လေ လိုချင်တဲ့ အဖြေကနေ ပြောင်းပြန်တွေးရတာတွေ ရှိတတ်ပါတယ်...
    Web Application တွေ ဖန်တီးတဲ့အခါ တစ်ခါတစ်လေ Client တွေလိုချင်တာက ကိုယ့်ရဲ့ Skill Area ထဲမှာ ရှိမနေတာမျိုး ဖြစ်နေတတ်ပါတယ် အဲဒီအခါမှာ လိုချင်တဲ့ Solution နဲ့ ကိုယ့်မှာ ရှိတဲ့ Knowledge ကြားမှာ ဘာတွေ လိုသေးလဲ အဖြေရှာပြီး လိုအပ်တာတွေ ဖြည့်၊ အဲဒီ Solution ထိ ရောက်အောင် သွားတာမျိုးပေါ့.. Reverse Thinking က ကျန်တဲ့နေရာတွေမှာလည်း အသုံးဝင်ပါတယ် ဥပမာ - 1 နှစ်အတွင်း နည်းပညာ အသစ်တစ်ခုကို တတ်ကျွမ်းဖို့ နေ့စဉ်၊ လစဉ်၊ အချိန်နဲ့ ကျန်တဲ့ အရင်းအမြစ်တွေကို ဘယ်လို အသုံးချမလဲ ဆိုတာမျိုးပေါ့

  • admin  - Re: everlearner

    အကို Reverse Thinking ကို ဖတ်ပြီး နောက် Thinking တစ်ခုကို ကျွန်တော် ထပ်စဉ်းစားမိတယ်။ Reproductive Thinking ပါ။ ပြောမယ်ဆိုရင် နဲနဲတောင် ဆင်တယ်။ ဒါပေမယ့် ကွာတော့ကွာပါတယ်။

    ဒီလိုဗျာ ပြသနာ တစ်ခုကို ကြုံပြီးဆိုရင် Googling လုပ်ပြီး ဒီလို ပြသနာမျိုး ဘယ်မှာ ဖြစ်ခဲ့ ဘူးသလဲ ဆိုတာမျိုးကို ရှာဖွေပြီးပြသနာကို ရှင်းဖို့ စဉ်းစားကျပါတယ်။ ပြီးတော့ ရှေ့ဆရာကြီးများရဲ့ "ဘယ်ကွေ့ ဘယ်တက်နဲ့ လှော်" "ညာကွေ့ ညာတက်နဲ့ လှော်" တွေကို လေ့လာသုံးသပ်ပြီး Solution တစ်ခုကို ထုတ်ယူလိုက်ကြပါတယ်။ I believe I can do ဆိုပြီး ရဲဆေးတင်ကာ ပြသနာကို ရှင်းလေ့ရှိကြ ပါတယ်။

    အကို comment ကို ကျွန်တော် Post မှာ နာမည်နဲ့ တကွ Credit ပေးပြီး ပေါင်းလိုက်ပါမယ်။

  • oxygenkill

    ကျနော့်ဖိုရမ်မှာလဲ Share လုပ်ထားချင်ပါတယ်
    ကောင်းတဲ့ artical လေးတခုပါ
    ကျနော်တို့ပရိုဂရမ်းမင်းသမားများအတွက်အလွန်အသုံးဝင်တဲ့ artical
    လေးတခုပါ
    Share ခွင့်ပေးပါခင်ဗျ

  • admin  - Re: oxygenkill

    ဟုတ်ကဲ့ share ပါခင်ဗျာ :D

  • Thiha  - ကျွန်တော်လည်း

    ကျွန်တော် ဒီဆောင်းပါကို ညွှန်းမယ်ဆိုပြီး စောင့်နေတာ မှတ်ချက်တွေက ကောင်းနေတယ် ဒီတော့ ခဏစောင့်လိုက်ဦးမယ်ဗျာ ... မှတ်ချက်တွေ ပေးကြပါဦးဗျို့

  • 112

    I am newbie here but found the post cool ;P

    I don't get thinking #2 very clear.... is it

    proactive thinking or productive thinking??

    Its interesting to know 3Ps if you could

    elaborate them with examples from programming

    point of view. Cheers~~ :D

  • admin  - Re: 112

    productive thinking. pls chk here

    here is my example:
    eg 1:
    ဒီနေမှာက ဖြစ်မလာသေးတာ တစ်ခုကို decisions ချတဲ့ သဘောမျိုး ပိုများတယ်ဗျာ။ ဒီလိုဗျာ
    ဟိုတနေ့က new programming language တစ်ခု ဖြစ်တဲ့ Jargon ဆိုတာ ဖတ်လိုက်ရတယ်။
    အသစ်ပေါ်တိုင်းကို လိုက်လုပ်ဖို့ အချိန်မရှိသူ အဖို့ ဒီ 3Ps ပေါ်မှာ မူတည်ပြီး စဉ်းစားရတော့မယ်။

    ဘယ်လောက်ထိ programming လောကကို လွှမ်းမိုးနိုင်မယ်လဲ (possible)

    သူနဲ့ functions တွေ၊ feature တွေကို လက်ရှိ popular programming languages တွေနဲ့ ယှဉ်ပြီး လွှမ်းမိုးနိုင်မှု (Probable)

    Okay, နောက်ဆုံး အဆင့်မှာ decision ချမယ် ဒီ programming languages ကို ငါသည် အချိန်ပေးကာ လေ့လာသင့်မသင့် (Preferable)

    eg 2:
    ကျွန်တော် ခုလက်ရှိ ဖြစ်နေတာနဲ့ ယှဉ်ပြီးပြောမယ်။ x-cart မှာ multiple currency ကို client ကလိုချင်တယ်။

    ကျွန်တော် စဉ်းစားရပြီ ဒီ module ထည့်ရင် တခြားသော ဘယ် module တွေကို ထိမလဲ? အဓိက အရေးကြီးတာက payment gateway ကို ဒီ multiple currency နဲ့ ဘယ်လို flexible ဖြစ်အောင်လုပ်မလဲ? (Possible)

    လုပ်ပြီးရင်ရော x-cart version တိုင်းမှာ ထည့်လို့ ရနိုင်မရနိုင် (probable)

    Okay, နောက်ဆုံးမှာ decision ချမယ် ဒီ module ကို develop လုပ်သင့်မလုပ်သင့် ဒီနေရာမှာ ချိန်ပြီး စဉ်းစားရတာတွေက
    project time & cost, man power တွေပေါ့။
    module တခုကို မရေးခင်မှာ အဲဒီလို့ စဉ်းစားပြီးမှ client ကို reply ပြန်ပါတယ်။ (Preferable)

    ခုတော့ ကျွန်တော်လည်း ဒီလောက်ပဲ စဉ်းစားလို့ ရတယ် ခင်ဗျာ။ :D

  • Ei Chaw San  - ကျွန်မနားလည်သလောက် lateral thinking

    ကျွန်မကတော. သောကြာနေ.တနေကုန် ဥာဏ်စမ်းဖြေကြည်.နေခဲ.ပါတယ်..စာရွက် ၅ ရွက်လောက်ကုန်ပြီးစိတ်မရှည်တော.တဲ.အဆုံးထုံးစံအတိုင်း Google ပေါ. :P
    အဖြေရရချင်းစိတ်တိုသွားပါတယ်...လူလည်ကျတယ်ပေါ.
    နောက်မှကိုယ်.ဘာသူကိုယ်ကျိတ်မနိင်ခဲမရနဲ.အဲ.အကြောင်းပဲတွေးနေရင်းတစ်ချက်လ င်းခနဲစာရေးသူပြောချင်တာကိုသဘောပေါက်သွားတယ်(ထင်တာပဲ..မဟုတ်ရင်တာ.ဒီမှာပြ န်မဖြေနဲ.နော် အရှက်ကွဲလိမ်.မယ်..ဟီး)
    လူတွေက အစက်ကိုးစက်ကို မျဉ်းလေးကြောင်းနဲ.စက်ရမယ်ဆိုတာနဲ.အဲ.အစက်ရဲ.အပြင်ကိုကျောင်ပြီးမတွေးတော. ဘူး..တစ်စက်နဲ.တစ်စက်ကွက်တိကိုဆက်ရမယ်ဆိုတဲ.ဘောင်ထဲကပဲစဉ်းစားတယ်...အဲ.မှာအဖြေကထွက်မလာတော.တာပဲ...ကျန်တဲ.အရာတွေမှာလည်းဒီလိုပဲပေါ.ကျွန်မတို.ဘောင် ထဲကခွဲထွက်တတ်ဖို.လိုပါတယ်..ဒါကကျွန်မနားလည်တဲ. lateral thinking ပါ.. :D

  •့ htet htet

    Programming is Art of Thinking ဆိုတာကိုအရမ်းသဘောကျပါတယ်...
    Deadline တွေအရမ်းကပ်လာတဲ့အခါ တခါတလေThinking အတွက်ကိုအချိန်သီးသန့်မပေးနိုင်တော့ဘဲ Client လိုချင်တာနဲ့ကိုယ်လုပ်ပေးနိုင်တာကိုပဲ
    လက်တွေ့ကျကျစဥ်းစားလိုက်တာကိုတော့
    Practical Thinking လို့ခေါင်းစဉ်တပ်ချင်ပါတယ်..

Write comment
Your Contact Details:
Comment:
[b] [i] [u] [url] [quote] [code] [img]   
:D:angry::angry-red::evil::idea::love::x:no-comments::ooo::pirate::?::(
:sleep::););)):0
Security
Please input the anti-spam code that you can read in the image.

Login Form

Categories Table View

JoomlaWatch Stats 1.2.9 by Matej Koval

Facebook Share

Share on facebook

Accordion FAQ

mod_joomtouch

Version Iphone

Version Iphone by JoomTouch