SQL Injection Attack
Friday, 28 May 2010 18:46
SQL Injection ဆိုတာ ဘာလဲ မပြောခင် ဒီ youtube movie လေးကို အရင်ကြည့်လိုက်ကြရအောင်။ ကျွန်တော်
တစ်ခုကြိုပြောချင်တာက သူခိုးလမ်းပြလုပ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီလိုမျိုး attack ကို awareness ရှိပြီး
ကြိုတင်ကာကွယ်နိုင်စေဖို့ ရည်ရွယ်ပြီး ရေးလိုက် ပါတယ်။
ကျွန်တော်တို့ database application ရေးတဲ့ အခါ မပါမဖြစ် ရေးရတဲ့ SQL Query တွေကို အနည်းငယ် ပြောင်းလဲလိုက်ပြီး attack လုပ်တာ
ဖြစ်ပါတယ်။ SQL injection attack လုပ်ဖို့ အတွက် DBA တစ်ယောက်လိုမျိုး database သဘော တရားတွေ နားလည်နေစရာ မလိုပဲ query
မှာ ရှိနေတဲ့ condition တွေကို ပြောင်းသွားဖို့ လောက်ကို ရေးနိုင်ရင် အလုပ်ဖြစ်ပါတယ်။ အထက်မှာ ပြခဲ့တဲ့ movie လေးအတိုင်းပေါ့။ SELECT fieldlist
ဥပမာ လေးနဲ့ ကြည့်ရအောင်
FROM table
WHERE field = 'zack@gmail.com';
ဒါက ကျွန်တော်တို့ စစ်နေကြ where clause ပုံစံပါ zack@gmail.com နဲ့ တူမှ အလုပ်လုပ်မှာပါ။ အဲဒါကို ဒါမျိုးလေး ပြောင်းကြည့်လိုက် ကြရအောင်
SELECT fieldlist
FROM table
WHERE field = 'anything' OR 'x'='x';
သဘောက နောက်ကနေ OR ကိုထည့် လိုက်ပြီး အမြဲမှန် နေတဲ့ condition တခုကို ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်လိုက်တော့
ရှေ့က condition က ဖြစ်ချင်တာ ဖြစ်ပေမယ့် နောက်က OR ကြောင့် အလုပ်လုပ်ပါမယ်။ SELECT * FROM user WHERE user_name = 'zack'
SELECT * FROM user WHERE user_name = 'anything' OR '1'='1';
ဒုတိယ query မှာ OR ကြောင့် result တွေထွက် လာပါလိမ့်မယ်။
ဒီထက်ပိုပြီး ရက်စက်ချင် တယ်ဆိုရင် နောက်ကနေ delete, drop စတဲ့ query တွေကို ထည့်ပေးလိုက်လို့ ရပါတယ်။ ဒီ example ကို
ကြည့်လိုက်ရအောင်။ SELECT email, passwd, login_id, full_name FROM members
WHERE email = 'x';
DELETE from members;
အဲလို့ရေးလိုက်ရင် ရှေ့က query ကဖြစ်ချင်တာ ဖြစ်နေလဲ နောက်က delete query run သွားပါမယ်။ အဲဒါဆိုရင်တော့ data တွေ ကုန်ပြီသာ
မှတ်ပေတော့။ကျွန်တော် ကိုယ်တိုင် အဲလိုမျိုး SQL Injection Attack လုပ်တာကို ခံခဲ့ရဘူးပါတယ်။ ရုံးက application အဟောင်းတွေက
SQL Injection တွေကို ပေါက်နေပါတယ်။ လုပ်တဲ့ ကောင်ကလဲ delete ကိုချသွားတာ ကုန်ရောပဲဗျာ။ကဲ ဒီတော့ အနာသိရင် ဆေးရှိပါတယ်။
How to prevent SQL Injection?
PHP မှာ SQL Injection ကိုကာဖို့ mysql_real_escape_string ဆိုတဲ့ function လေးရှိတယ်။ အဲဒီ function ကနေ \ လေးတွေ auto ပေါင်းထည့် ပေးသွားပါမယ်။ ဒီလိုလေးတွေ ပြောင်းသွားပါမယ်။ SELECT * FROM customers WHERE username = '\' OR 1\''
SELECT * FROM customers WHERE username = '\'; DELETE FROM customers WHERE 1 or username = \''
mysql_real_escape_string ကိုသုံးပြီး SQL Injection Attack ကိုကာကွယ်နိုင်ဖို့ ဒီ Post လေးကို ရေးလိုက်ပါတယ်။ အသုံးများသော SQL Injection character များ
| Input character | Meaning in Transact-SQL |
|---|---|
| ; | Query delimiter. |
|
' |
Character data string delimiter. |
| -- | Comment delimiter. |
| /* ... */ | Comment delimiters. Text between /* and */ is not evaluated by the server. |
-
2010-06-01 11:16:44 |SAdministrator| admin - Re: everlearner
ဟုတ်.. ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်တယ်ဆိုတဲ့ စကား အတိုင်းပေါ့။ ... အကိုပေးတဲ့ Link နဲ့ power point slide ကတော်တော်ကောင်း တယ်ဗျ။ power point ကတော့ တဝက်ကြည့်ပြီးပြီ။ XSS အကြောင်းလေး ဆက်ရေးမယ် အကို
-
For XSS, there are some articles I wrote in http://sharingtofrds.blogspot.com/search/label/XSS. At that time, I wrote from user point of view. (I kept that blog for my first blogging day memories). I believe you can write from web application developer point of view. Thanks.
-
2010-06-01 13:24:09 |SAdministrator| admin - Re: everlearner
အကိုရေးထားတာ တော်တော်စုံလင်တာပဲ ကျွန်တော် reference လုပ်ပြီး ပြန်ရေးမယ်။ ကျေးဇူး အကို
-
2010-09-12 22:30:27 |203.81.72.xxx| nickname
Database Password ကိုအရင်ဖောက်ပြီးမှ အဲ့လို Attack လုပ်လို့ရတာလား ဒါမှမဟုတ် ဘယ်လိုမျိုးလဲဆိုတာ တစ်ချက်လောက် ရှင်းပြပေးပါ
-
2010-09-12 22:48:19 |SAdministrator| admin - Re: nickname
Database Password ကိုသိစရာ မလိုဘူး။ operator တွေကြောင့် Query တွေက condition တွေပြောင်း သွားတာပါ။
-
2010-09-20 13:03:03 |Registered| fish - critical sql injection
အဲ .. ကို zack ရေ ..
ကျွန်တော့် Site လည်း အခု ဖြစ်နေတယ် .. ဒီ မနက်မှ သိရတာ ... http://www.planetcreator.net/2010/09/critical-sql-injection-in-stamps- myanmar/ ..
ကျွန်တော်လည်း အကို Blog နဲ့ myanmar tutorial မှာ သွားတွေ့လို့ ..ပါ ... sql injection ဆိုတာ ဘာလဲ အခုမှ သိရတော့တယ် ..
အဲ .. အဲဒါ ဘာဆက်လုပ်ရမလဲ .. ပြောပြပါဦးနော် ... mysql_real_escape_string .. ဒီ function ကိုလည်း ထည့်သုံးပါတယ် .. !_!
-
2010-09-20 14:37:28 |SAdministrator| admin - Re: fish
Fish ရေ အဲဒါကတော့ user ကို data entry ပေးတဲ့ page တွေအားလုံးမှာ trace လိုက်ကြည့်သင့်တယ်။ FYI:
http://www.learnphponline.com/security/sql-injection-preve ntion-mysql-php
| < Prev | Next > |
|---|
Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)
Thanks for this interesting and useful article bro. Most of us not too much aware on web application security, though it is very important for us and the clients. I also want to share an interesting web site regarding to Web Security, http://www.owasp.org/ "Open Web Application Security Project (OWASP)". And this one (http://bit.ly/bsYwMu) is a nice presentation about "Advanced SQL Injection Protection" from there.
Please write this kind of Web Application Security related articles much more, bro.