Tools for Kid's Coding
Saturday, 21 August 2010 13:21
ကျွန်တော်တို့တွေ Programming ကို သေချာတတ်မြောက်ဖို့ အရေးကြီးတဲ့ အရာတွေက
Thinking တွေ၊ Concept တွေပဲ ဖြစ်ပါတယ်။ အဲဒါတွေကို သေချာမသိပဲအာဂုံဆောင်
နေမယ်ဆိုရင်တော့တကယ်လက်တွေ့မှာ အသုံးမဝင်တဲ့ အပြင် ဒုက္ခ ရောက်သွားနိုင်တဲ့
အနေအထား ရှိပါတယ်။ ဒါကလည်း လေ့လာသင်ယူ သူတွေကိုပဲ အပြစ်ပြောလို့ မရ
ဘူးလို့ ထင်ပါတယ်။ ကျွန်တော် Programming ကိုစလုပ်တဲ့ ၂၀၀၁/၀၂ လောက်တုန်း
ကဆရာပြော လိုက်တဲ့ lopping တွေ၊ IF-ELSE တွေကို လေ့ကျင့်ဖို့ resource ဆိုလို့
စာရွက်လောက်သာ ကိုယ့်မှာ ရှိနေတာကိုး။ ဒါကြောင့် လည်းစိတ်မဝင်စားသူတွေ အဖို့ စာမေးပွဲအောင်ရေး အတွက် အာဂုံဆောင်
အဆင့်မှာပဲ ဆုံးခန်းတိုင် သွားတာတွေကို ကျွန်တော်တွေ့ဖူးပါတယ်။ Programming ရဲ့ Thinking တွေ Conpect တွေ Mathematical
and Momputational ideas တွေ ကို အလွယ်တကူရဖို့ Tools တွေ၊ Resource တွေကို တကယ်ပဲ
မရှိတော့ဘူးလား??? ရှိတာပေါ့ဗျာ ![]()
ကျွန်တော်တို့တွေ အကြောင်း အမျိုးမျိုးကြောင့် မသိခဲ့ မသုံးနိုင်ခဲ့တာတွေ ကိုပြောမနေတော့ပဲ နောက်မျိုးဆက်တွေ သိပြီး သုံးနိုင်အောင်
လုပ်တာ ပေးကြတာပေါ့ဗျာ။ အနောက်နိုင်ငံတွေမှာ ၈နှစ် အထက်ကလေးတွေကို Programming သင်ကြားရာမှာ သုံးတဲ့ Tools တွေ
အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော် Tools တွေအကြောင်းကို မစခင် Microsoft's K-12 Computer Science
Academic Relations Manager ဖြစ်တဲ့ Alfred Thompson ရဲ့ အဆိုလေးကို အရင်ဖတ်ကြည့် စေချင်ပါတယ်။
We need to get students interested in computer science and that has to be done at an early age before they decide (incorrectly) that they can't do computer science or that it is dull and boring
1. Scratch
Scratch ဆိုတာကတော့ MIT Media Lab ကနေ ၈နှစ် အထက်ကလေးတွေအတွက် ရည်ရွယ်ထားတဲ့ graphical programming
language ပဲဖြစ်ပါတယ်။ ၂၀၀၇ မှာ စပြီး release လုပ်ခဲ့တဲ့ scratch ဟာ ခုလက်ရှိချိန်မှာ Projects ပေါင်း one million
ရှိနေပြီး ဖြစ်ပါတယ်။ Scratch ကိုသုံးပြီး ကိုယ်ပိုင် animations, games, music, and art တွေကို ဖန်တီးကာ web ပေါ်မှာ
share နိုင်ပါပြီ။ Sharing project တွေကို download လုပ်ပြီး remix လည်းလုပ်နိုင်ပါတယ်။ Scratch ကိုလေ့လာ ချင်တယ် ဆိုရင်တော့
ဒီမှာ Free Download လုပ်နိုင်ပြီး Scratch Wiki ကို လည်းဖတ်ကြည့် နိုင်ပါတယ်။ ဒါကတော့ Scratch Developer တွေ၊
သုံးနေတဲ့ ကျောင်းသား ကလေးငယ်တွေရဲ့ video လေးပါ။
2. App Inventor
Google ကနေပြီး andriod သုံးစွဲသူတွေကို သာမန် user အဆင့်ကနေ creator လုပ်နိုင်အောင် ဖန်တီးပေးထားတဲ့
application လေးတစ်ခု ဖြစ်တယ်လို့ Professor Harold Abelson ပြောခဲ့တဲ့ အတိုင်း သာမန် user တွေ ဘယ်လောက်
လုပ်ဆောင်နိုင်တယ် ဆိုတာ အောက်က video လေးကို ကြည့်ရင် သိပါလိမ့်မယ်။ Beta version သာရှိနေတဲ့ App Inventor ရဲ့
Activity တွေကို ဒီမှာ ဖတ်နိုင်ပါတယ်။
3. Alice
နောက်နာမည်ကြီး တစ်ခုကတော့ Carnegie Mellon University က Product တစ်ခုဖြစ်တဲ့ Alice ဆိုတဲ့ open source 3D
programming ပဲဖြစ်ပါတယ်။ Alice မှာ Graphic တွေကို drag & drop တွေနဲ့ပဲ object-oriented၊ event-driven program တွေကို
လွယ်ကူစွာ ဖန်တီးနိုင် ပါတယ်။ ကိုယ့်မှာ Thinking နဲ့ Concept ရှိမယ်ဆိုရင် အလွယ်တကူ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ သူလည်းပဲ
Free ရနိုင်ပြီး platform အတော်တော် များများ ပြောမယ်ဆိုရင် (Win,Lunix,Mac) တွေအားလုံးမှာ အလုပ်လုပ်ပါတယ်။ ဒါကတော့
Carnegie Mellon University က Alice's developer တွေပြောပြထားတဲ့ video လေးတစ်ခုဖြစ်ပါတယ်။
4. Small Basic
Microsoft ရဲ့ Small Basic ကတော့ "Programming is Fun" လို့ဆိုထားပြီး သူရဲ့ user friendly ဖြစ်တဲ့ development
environment တွေအပြင် များပြား ပြည့်စုံတဲ့ Library Files တွေကြောင့် ကိုယ်ပိုင် game တစ်ခု၊ application တစ်ခုကို
ဖန်တီး နိုင်ပါတယ်။ ကိုယ်ဖန်တီးထားတဲ့ program လေးကို သူငယ်ချင်းတွေကို share ချင်ရင်လည်း ကိုယ့် Blog, Website မှာ
ရှိနေတာကို Silverlight player နဲ့ ကစားနိုင်ပါတယ်။ ဒါအပြင် Small Basic ဟာ .net ရဲ့ အခြေခံ concept တွေစုစည်းထား
တာကြောင့် နောက်ပိုင်း .net ကိုဆက်ပြီး လေ့လာ ချင်သူတွေ အတွက် ပိုသင့်တော် မယ်ထင်ပါတယ်။
5. Kodu
သူလည်းပဲ Microsoft ရဲ့ Product တစ်ခု ဖြစ်ပြီး Xbox ပေါ်မှာ run နိုင်မယ့် games တွေကို ဖန်တီး နိုင်မယ့် programming
environment တစ်ခု ဖြစ်ပါတယ်။ Kodu မှာ classical programming languages တွေလို့ လုပ်ဆောင်နိုင်တဲ့ အပြင် Icon based နဲ့
program အလွယ်တကူ ရေးလို့ ရအောင် လုပ်ဆောင်ထား တာကြောင့်လည်း နာမည်ကြီး ဖြစ်နိုင်ပါတယ်။ Game တစ်ခုဖန်တီးဖို့
ဘယ်လောက်လွယ်တယ် ဆိုတာ 2009 CES မှာ Microsoft ကပြသွားတဲ့ Video လေးဖြစ်ပါတယ်။
6. Lego Mindstorms
ဒီတစ်ခါတော့ software application တစ်ခုမဟုတ်ပဲ programmable robotics တစ်ခုဖြစ်တဲ့ robot လေးတစ်ခုဖြစ်ပါတယ်။
ဒါလေးကတော့ ကလေးငယ် လေးတွေအတွက် ပိုပြီး အဆင်ပြေ သင့်တော် မယ်လို့ ထင်ပါတယ်။
Computer Science ကပေးတဲ့ logic, critical thinking, problem solving တွေဟာ ဘယ် field မှာ မဆို apply ပြန်လုပ်နိုင်ပြီး
baseline တစ်ခု အနေနဲ့ ရှိနေတာကြောင့် နောက်မျိုးဆက်တွေကို ဒီလို Programming ကိုလေ့လာ သင်ယူဖို့ လွယ်ကူစေမယ့်
Tools/Programming တွေကို ပြောပြကြရ အောင်လာဗျာ။ MMTuts မှာလည်း ကိုသီဟရေးထားတဲ့ ဒီ Article နှစ်ခုကို ဆက်ပြီး
ဖတ်စေချင်ပါတယ်။
Ref: http://www.readwriteweb.com/archives/4_tools_for_teaching_kids_to_code.php
-
2010-08-26 10:53:10 |SAdministrator| admin - Re: myoaung
ကျွန်တော်တော့ မလုပ်ကြည့်ဖူး ဘူးဗျ။ ဒီlink တွေမှာ အကိုလိုချင်တဲ့ အဖြေရှိနိုင်မယ်။
In Joomla
1) http://sammoffatt.com.au/knowledge-base-mainmenu/9-joomla/17-using-apa che-authentication-with-joomla-15?showall=1
2) http://docs.joomla.org/How_do_you_password_protect_directories_using_. htaccess%3F
About htaccess
http://www.javascriptkit.com/howto/htaccess3.shtml
http://www.clockwatchers.com/htaccess_tool.html
http://www.sitedeveloper.ws/tutorials/htaccess.htm
http://www.htaccesstools.com/htpasswd-generator/
http://httpd.apache.org/docs/2.0/programs/htpasswd.htmlGood Luck!
Zack
| < Prev | Next > |
|---|
Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)
အကိုရေ ဖြေပေးပါဥိးဗျာ
.htpasswd နဲ့ .htaccess ကျနော့် Joomla ရဲ့ Admin Directory ကို ပိတ်ချင်ပါတယ်ဗျာ အဲဒါကို ဘယ်လို လုပ်ရတယ် ဘယ်ပုံဆိုတာလေး တစ်ဆိပ်လောက်ရှင်းပြပေးပါဗျာ ကျနော် .htaccess ကို ထည့်လိုက်ရင် 500 Internal Server Error တတ်လာတယ် အဲဒါဘာကြောင့်လဲဆိုတာ ရှင်းပြပါဥိး