Ways to use everyday
Thursday, 18 December 2008 15:30
FWD Mail ထဲက ရတဲ့ အရမ်းကောင်းတဲ့ ပညာပေး စကားစုများ ဖြစ်ပါတယ်။
Mail ပို့ပေးတဲ့သူကိုလည်း ကျေးဇူးတင် ပါတယ်။
Mail ထဲမှာ source ပါမလာလို့ ထည့်ပေးလို့ မရတာကို Sorry ပါ။
(၁) လမ်းစကိုတွေ့ပြီဆိုရင် ဘယ်လောက်ဝေးတဲ့ ခရီးပဲဖြစ်ဖြစ် လျှောက်ရမှာ မကြောက်တော့ ဘူး။
(၂) သစ်ပင်၏ ဦးတည်ရာကို လေက အဆုံးအဖြတ်ပေး၏။ လူ၏ ဦးတည်ရာကို ကိုယ့်ကိုယ်တိုင်က အဆုံးအဖြတ်ပေး၏။
(၃) ၀င်လေထွက်လေ ရှိနေသမျှ မျှော်လင့်ချက် ရှိနေဦးမည်။
(၄) အောင်မြင်ဖို့ရာ မလွယ်ကူပါ။ ထိုအောင်မြင်မှုကို ထိန်းသိမ်းရာ ပိုမလွယ်ကူပါ။
(၅) အသီးအပွင့်များဖြင့် ဝေဆာနေသော သစ်ပင်ကို လူတွေက ခဲနှင့်ပစ်ချချင်ကြသည်။
(၆) ဘ၀မြင့်ခြင်း၏ နောက်တွင် ကျဆုံးခြင်းရှိသည်။ စိတ်ကူးယဉ်သက်သက်၏ နောက်တွင် ဆုတ်ယုတ်ခြင်း ရှိသည်။
ခေါင်းငုံ့တတ်မှသာ ခေါင်းကို တိုက်မိနိုင်။
(၇) ကိုယ့်ကိုဝေဖန်ခြင်းဖြင့် အခြားလူ၏ ယုံကြည်မှုကို ရရှိနိုင်သည်။ ကိုယ့်ဂုဏ်ကိုယ် ဖော်ခြင်းက မရနိုင်။
(၈) ကိုယ့်ကို မချစ်မနှစ်သက်တဲ့ လူကို လေးစားပါ။
(၉) သူ့နောက်ကွယ်မှာ သူ့ကောင်းကြောင်းကိုပဲ ပြောပါ။ အဲဒီစကား သူ့ နားဆီ ရောက်ဘူး ဆိုတာ လုံးဝ စိတ်ချပါ။
(၁၀) တစ်စုံတစ်ယောက်က ကိုယ့်ကို တစ်ခြားလူ မကောင်းကြောင်း လာပြောတဲ့အခါ ပုံးပဲနေပါ။
(၁၁) တကယ်လို့ ရုပ်ဆိုးနေတယ်ဆိုရင် ကိုယ့်ကိုတော်အောင် လုပ်ပါ။ တော်ခဲ့ဘူးဆိုရင် အမြဲပြုံးနေပါ။
ရုပ်ကြောင့် လူကို မမုန်းနိုင်ပါဘူး။
(၁၂) စင်ပေါ်တက် သီချင်းဆိုသူတိုင်းကို လက်ခုပ်တီးပေးပါ။
(၁၃) အချို့ကိစ္စမှာ သိရက်နှင့် မေးသင့်သည်။ ဥပမာ.... လက်စွပ်လေးက သိပ်တန်ဖိုးရှိမှာပဲနော်။ အချို့ကိစ္စမှာ မေးချင်သော်လည်း
မမေးသင့်ပေ။ ဥပမာ.. အသက်ဘယ်လောက်ရှိပြီလဲ။
(၁၄) စကားများတော့ အမှားများသည်။ လူများသောနေရာတွင် စကားကို နည်းနည်းပဲ ပြောပါ။
(၁၅) "မ"သိဘူး၊ "မ"လုပ်ဘူး၊ "မ"ရဘူး၊ "မ"တတ်ဘူး ဆိုတဲ့ "မ"နေရာမှာ ကြိုးစားကြည့်မယ်" "သိပ်မသေချာဘူး"
"အချိန်အနည်းငယ်ပေးပါ" ဆုံးဖြတ်ပြီးမှ အကြောင်းပြန်လိုက်မယ်" လို့ ပြောင်းသုံးကြည့်ပါ။
| < Prev | Next > |
|---|
Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)