Yangon
Tuesday, 25 August 2009 16:13
ကျွန်တော် ဒီ POST ကို ရေးဖြစ်တာကတော့ ကဗျာလေး တစ်ပုဒ်ကို ဖတ်ဖြစ်တယ်။ ရင်ထဲမှာ တစ်ခုခုကို ခံစားလိုက်
ရပြီး ခံစားချက်ကို ချရေးလိုက်ချင်စိတ် ဖြစ်သွားတယ်ဗျာ။ ကျွန်တော် စာရေးဆရာ မဟုတ်တဲ့ အတွက် စကားလုံး
လှလှလေးတွေနဲ့  ဖတ်လို့ ကောင်းချင်မှတော့ ကောင်းမယ်။ ဒါပေမယ့် သည်းခံပြီးတော့ ဖတ်ပေးကြပါလို့ တောင်းဆို
ပါတယ်။ ကဗျာလေးက ဒီလိုပါ။
"ရန်ကုန်"
ဘ၀တွေက လူတွေကို ကျောင်းလို့ ကောင်းတဲ့ မြို့ 
နေ့ လည်း နေ့ အလျှောက်
ညလည်း ညအလျှောက်
တစ်ကိုယ်ရေ တစ်ကာယ အဆင်ပြေမှုအတွက်
အမြဲလိုလို တိုးဝှေ့ နေရတယ်။
ပြူတင်းပေါက်တွေ ပိတ်ပြီး
အင်တာနက်တွေ ဖွင့်ထားတဲ့ အချိန်မှာ
ငါတို့ အားလုံး နီးသလိုနဲ့ ဝေးပြီး
ခေတ်ကြီးကို ပုခုံးဖက် သွားနေရလို့ 
ဘယ်သူနဲ့ မှ နှုတ်မဆက်ဖြစ်ခဲ့ဘူး။ ။
ရေးသားသူ - ဈာဏီသြောင်(ပဲခူး)
ဒီကဗျာခေါင်းစဉ်ကို ရန်ကုန် လို့ တပ်ထားပေးမဲ့ Singapore မှာလည်း ဒီလိုပါပဲ။ ကျွန်တော်တို့ ဘ၀တွေ အတွက်
နေရော ညပါ ရုန်းကန်လှုပ်ရှားနေကြရပါတယ်။ ဒီလိုနဲ့ ပဲ ဘ၀တွေက လူတွေကို ကျောင်းပြီး အရှင်လတ်လတ်
စက်ရုပ်ဘ၀ကို ကူးပြောင်းသွားနေရသလိုပါပဲ။ နောက် ဒီကဗျာလေးထဲမှာ ကြိုက်တဲ့ စာကြောင်းလေး တစ်ခုကတော့
"အင်တာနက်တွေ ဖွင့်ထားတဲ့ အချိန်မှာ ငါတို့ အားလုံး နီးသလိုနဲ့ ဝေးပြီး" ဆိုတာလေးပါ။ ဒီ Virtual Layer ထဲမှာ
ကျွန်တော်တို့ တွေဟာ နီးသလိုနဲ့ ဝေးနေရတာ အမှန်ပါ။ ဒီအတွက် ကောင်းတာတွေ ရှိသလို ဆိုးတာတွေလည်း ရှိပါတယ်။
ဒါကတော့ လောကရဲ့ ဓမ္မတာ ဆိုတော့လည်း မငြင်းသာပေမယ့် ရင်ထဲ့မှာ Virtual World ထဲကနေ ထွက်ပြေးပြီး
ရုပ်ဝထ္ထုတို့ နဲ့ ဝေးရာကို ထွက်ပြေးချင်မိတယ်။ အလုပ်လုပ်ရတဲ့ ရက်တွေမှာ မိုးလင်းရင် အလုပ်သွားကြပြီး ညကျမှ
အိမ်ကို ပြန်ရောက်ပြီး တစ်အိမ်ထဲနေတဲ့ သူတွေတောင် တစ်ခါတစ်လေ သုံးလေးရက်လောက်တော့ မတွေ့ ဖြစ်ကြဘူး။
နောက်ပြီးတော့ တစ်ယောက်ယောက် နေထိုင်မကောင်းဖြစ်ရင်တောင် Phone လေး၊ SMS လေးတွေနဲ့  သတင်းမေးပြီး
သွားနေကြရတော့ ဒီအကြောင်းလေးကတော့ Heart အထိဆုံးပဲ ဖြစ်ပါတယ်။
"ခေတ်ကြီးကို ပုခုံဖက် သွားနေရလို့  ဘယ်သူနဲ့ မှ နှုတ်မဆက်ဖြစ်ခဲ့ဘူး" တဲ့
အင်းပေါ့လေ ခေတ်ကြီးကိုက ဘ၀တွေက လူတွေကို ကျောင်းနေမှတော့လည်း ဒါတွေ ဖြစ်နေတော့မှာပဲ
လို့  ဖြေသိမ့်ရတော့မှာပေါ့။ ။
| < Prev | Next > |
|---|
Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)

အကိုရေ ကျနော်က Table နှစ်ခုထဲက Data တွေကိုထုတ် ပြချင်တယ် ဒါပေမဲ့ နောက်ထက် Table ထဲမှာရှိတဲ့  Data ကိုတော့ Primary Key လောက်ကိုပဲ ပြချင်တာ ဒါပေမဲ့ မရဘူးဖြစ်ေ နတယ်
$qry="SELECT * FROM post
LEFT JOIN coment
ON post.P_Id=coment.P_Id
ORDER BY post.P_ID DESC";
ဒါလေးက ကျနော် Table နှစ်ခုကို Join လုပ်ထားတဲ့ ပုံစံပါ
ဒါက နောက်ထပ်ပြ ချင်တဲ့ ဒုတိယ Table ထဲက Data ပါ
မရဘူးဖြစ်ေ နတယ် အကိုမျက်စေ့ ထဲမြင်အော င်ပြောရရင် Blogspot က ကွန့်မန့်ေ ပးတဲပုံစံလုပ်ချင်တာပါ အခုအကိုလုပ်ထားတဲ့ပုံ စံမျိုးပေါ့  Comment (5)ဆို တဲ့ပုံမျိုးလေး ဖြစ်ချင်တာ ဗျ မဖြစ်ဘူးဖြ စ်နေလို့ရှ င်းပေးပါဦးဗျာ